သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

25_Pic_05
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅:၀၀) နာရီထိ အခြေခံပညာမူလတန်းလွန်ကျောင်း (နမ့်တုတ်) တွင် ဆရာ ၊ဆရာမ၊ ကျောင်းသား ၊ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၁၀၀) အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြေါဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ် ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်၊ ရှောင်ရန်များ ၊ ကျောင်းသား ၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲဘေး အန္တရာယ်များ၊ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများကို အသေးစိတ်ဆွေးနွေးပြီး သိလိုသည့်မေး မြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင် ရမည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေး မှတ်တမ်း (Video) များ ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#shn_jan2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events