ပဲခူးတိုင်းဒေသကြီး၊ မဒေါက်ဒေသ ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် တံတားဖွင့်ပွဲနှင့် ပြွန်တန်ဆာမြို့၊ မူလတန်းကြိုကျောင်း ပန္နက်တင်ပွဲသို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

26_Pic_01

ဇန်နဝါရီ ၂၅ ၊ ပြွန်တန်ဆာ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  ပဲခူးတိုင်းဒေသကြီး၊ မဒေါက်ဒေသ ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား ဖွင့်ပွဲနှင့် ပြွန်တန်ဆာမြို့၊ မူလတန်းကြိုကျောင်း ပန္နတင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ဂျောင်းတာကျေးရွာသို့ရောက်ရှိပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ညောင်လေးပင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဂျောင်းတာကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦးတို့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်ဒေသ ဂျောင်းတာကျေးရွာအုပ်စုမှပြည်သူများ၏ ပူးပေါင်းထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားသော ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဒေသခံများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေတ္တာပေါင်းကူးတံတားကို လှည့်လည်ကြည့်ရှုကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည့်အတွက် ပြည်သူများအကျိုးရှိမည့်ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက တာဝန်ယူအကောင်အထည်ဖော်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာလွှတ်တော်များက တင်ပြကြပြီး ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ တို့က ပူးပေါင်းဆောင်ရွက်ပေးပါကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ လိုအပ်ချက်များစွာ ရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်ဒေသနေပြည်သူများသည် ၇၀ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ ထို့ကြောင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်ပေးသော တံတားသည် ဂျောင်းတာ၊ ဆာဆေး၊ သာယာစုနှင့် ကျောင်းရွာ များရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ကုန်ထုတ်လုပ်ငန်းကိစ္စများတွင် လက်တွေ့အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခင်ကျေးရွာချင်း ဆက်တံတားသည် သဘာဝဘေးဒဏ်များကြောင့် ပျက်ဆီးမှုဖြစ်ပေါ်ခဲ့ပြီး  ကျေးရွာများရှိ ပြည်သူများ အခက်အခဲများကြုံခဲ့ကြရာ ထိုအခက်အခဲများကို ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့က ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း ကျေးလက်ဒေသနေပြည်သူအများစု၏ လတ်တလောအခက်အခဲများကို ဖြေရှင်းပေးရန်နှင့် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်သောကိစ္စများကို အချိန်မဆိုင်းဘဲ ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်သိန်းက ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား တည်ဆောက်နိုင်ရေး ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျောင်းတာကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွန်တန်ဆာမြို့၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် Good Neighbour International အဖွဲ့တို့ ပူးပေါင်းဆောက်လုပ်မည့် မူလတန်းကြိုကျောင်းမြေနေရာသို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြင့်သိန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများက ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ကြပြီး  စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#bgo_jan2020

Source: MSWRR

Sign Up

Upcoming Events