Author Archives: Thandar Aung
-
သာစည်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာစည်မြို့နယ်၊ သမန်းကန်အုပ်စု၊ ယင်းမရိုးအုပ်စု၊ ပေါက်တောအုပ်စုနှင့် ကြက်မောက်အုပ်စုများအတွင်း ကျေးရွာ (၅) ရွာ၌ (၁၁-၅-၂၀၂၀) ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့မှုကြောင့် အမိုးလန်ခဲ့သည့်နေအိမ် (၃၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၈၀၄၀၀) ကျပ်၊ လူဦးရေ (၁၅၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၉၂၀၀) ကျပ်တို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ (၁၂-၅-၂၀၂၀) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2020 … Read more
-
တပ်ကုန်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများနှင့် မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု မဲအင်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာ၊ ရှားတောကျေးရွာအုပ်စု ရှားတောကျေးရွာ၊ ကင်မွန်းတန်းကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာတို့၌ (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၆း၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ် (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၁၆၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၆၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၄၉၀ဝိ/-) ကိုလည်းကောင်း၊ ကံလှကျေးရွာအုပ်စု၊ ဂါတ်ချိုင်းကျေးရွာမှ မိုးကြိုးထိမှန်သေဆုံးသူ(၁)ဦးအတွက်(၃၀၀၀၀ဝိ/-)ကိုလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ (၁၁၆၀၉၀ဝိ/-) တို့အား … Read more
-
ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စုအတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စု၊ ပန်ဟိုက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းရန်ပုံငွေ(၉၀၀၀ဝိ/-)၊ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၃၀၀ဝိ/-)၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၃၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇၁၄၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၇၆၄၄၀ဝိ/-)ကျပ်အား (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #rke_may2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပူတာအိုမြို့နယ် လုံးစွတ်တိုက်ပွဲရှောင်စခန်းနှင့် ဒုတ္တန်တိုက်ပွဲရှောင်စခန်းများမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ပူတာအိုမြို့နယ် လုံးစွတ်တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၇၂)စုအတွက် စားနပ်ရိက္ခာ ဆန် (၁၁၃) အိတ် (၁၈) ပြည်၊ ဆီ (၁၄၄) ပိဿာ၊ ပဲ (၁၄၄) ပိဿာ၊ ဆား (၇၂) ပိဿာ၊ ဒီဇယ်ဖိုး(၁)လစာထောက်ပံ့ငွေ (၁၅၀၀၀၀) ကျပ်ကိုလည်းကောင်း၊ ဒုတ္တန်တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၁၄)စုအတွက် စားနပ်ရိက္ခာ ဆန် (၂၆) အိတ် (၁၈) ပြည် (၄)ဗူး)၊ … Read more
-
ကျောက်တံခါးမြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စုနှင့် ရင်းတိုက်ကုန်းကျေးရွာအုပ်စုအတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဂုံမင်းကွင်းကျေးရွာအုပ်စုနှင့် ရင်းတိုက်ကုန်းကျေးရွာအုပ်စုတို့၌ လေဘေးဖြစ်ပွားမှုကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၂)လုံးနှင့် သစ်ပင်ပိပြိုလဲခဲ့သည့်နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၉၂၆၀ဝိ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးတို့အား (၁၂-၅-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမနှင့် လေဘေးဖြစ်ပွားရာဒေသများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: … Read more
-
ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့ရှိ ကျေးရွာအုပ်စု (၅) စုမှ ရွာပေါင်း (၉) ရွာနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) စုမှ ရွာပေါင်း (၇) ရွာသို့ သွားရောက်၍ ရပ်ကွက်/ကျေးလက်နေ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေးမျက်နှာမြို့နယ်၊ (လဟာကြီး၊ပိန်အင်း၊ရှားဖြူကျင်း) ကျေးရွာအုပ်စုများအတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊(လဟာကြီး၊ ပိန်အင်း၊ရှားဖြူကျင်း) ကျေးရွာအုပ်စု၊ (ကညင်ပင်လှ၊ဆင်ကူး၊ရုံးတော၊မိတ်သလင်ကုန်း၊ ရှားဖြူကျင်း)ကျေးရွာတို့၌ (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၀၀၀ဝိ/-)၊ လူဦးရေ (၃၅) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၇၃၅၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၄၃၅၀ဝိ/-) ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ မိတ်သလင်ကုန်းကျေးရွာ(ဘုန်းတော်ကြီးကျောင်း)၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်မိ၊ ရပ်ဖများနှင့်ပူးပေါင်းပြီး (၁၁-၅-၂၀၂၀) ရက်နေ့တွင် အင်ကုန်းကျေးရွာ၊ အင်းပေါက်ကျေးရွာ၊ ရွေလင်းတကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဝဲကသာကျေးရွာစသည့်ကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မရှိစေရန် ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး နံရံကပ်ပိုစတာများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၈)ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker, Hand Speaker များဖြင့် လှည့်လည်ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
