လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့ရှိ ကျေးရွာအုပ်စု (၅) စုမှ ရွာပေါင်း (၉) ရွာနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) စုမှ ရွာပေါင်း (၇) ရွာသို့ သွားရောက်၍ ရပ်ကွက်/ကျေးလက်နေ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)