သာစည်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာစည်မြို့နယ်၊ သမန်းကန်အုပ်စု၊ ယင်းမရိုးအုပ်စု၊ ပေါက်တောအုပ်စုနှင့် ကြက်မောက်အုပ်စုများအတွင်း ကျေးရွာ (၅) ရွာ၌ (၁၁-၅-၂၀၂၀) ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့မှုကြောင့် အမိုးလန်ခဲ့သည့်နေအိမ် (၃၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၈၀၄၀၀) ကျပ်၊ လူဦးရေ (၁၅၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၉၂၀၀) ကျပ်တို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ (၁၂-၅-၂၀၂၀) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events