လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု မဲအင်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာ၊ ရှားတောကျေးရွာအုပ်စု ရှားတောကျေးရွာ၊ ကင်မွန်းတန်းကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာတို့၌ (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၆း၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ် (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၁၆၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၆၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၄၉၀ဝိ/-) ကိုလည်းကောင်း၊ ကံလှကျေးရွာအုပ်စု၊ ဂါတ်ချိုင်းကျေးရွာမှ မိုးကြိုးထိမှန်သေဆုံးသူ(၁)ဦးအတွက်(၃၀၀၀၀ဝိ/-)ကိုလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ (၁၁၆၀၉၀ဝိ/-) တို့အား (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၇း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)