လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဂုံမင်းကွင်းကျေးရွာအုပ်စုနှင့် ရင်းတိုက်ကုန်းကျေးရွာအုပ်စုတို့၌ လေဘေးဖြစ်ပွားမှုကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၂)လုံးနှင့် သစ်ပင်ပိပြိုလဲခဲ့သည့်နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၉၂၆၀ဝိ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးတို့အား (၁၂-၅-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမနှင့် လေဘေးဖြစ်ပွားရာဒေသများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)