လေးမျက်နှာမြို့နယ်၊ (လဟာကြီး၊ပိန်အင်း၊ရှားဖြူကျင်း) ကျေးရွာအုပ်စုများအတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊(လဟာကြီး၊ ပိန်အင်း၊ရှားဖြူကျင်း) ကျေးရွာအုပ်စု၊ (ကညင်ပင်လှ၊ဆင်ကူး၊ရုံးတော၊မိတ်သလင်ကုန်း၊ ရှားဖြူကျင်း)ကျေးရွာတို့၌ (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ခြေ(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၀၀၀ဝိ/-)၊ လူဦးရေ (၃၅) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၇၃၅၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၄၃၅၀ဝိ/-) ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ မိတ်သလင်ကုန်းကျေးရွာ(ဘုန်းတော်ကြီးကျောင်း)၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events