ပူတာအိုမြို့နယ် လုံးစွတ်တိုက်ပွဲရှောင်စခန်းနှင့် ဒုတ္တန်တိုက်ပွဲရှောင်စခန်းများမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ပူတာအိုမြို့နယ် လုံးစွတ်တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၇၂)စုအတွက် စားနပ်ရိက္ခာ ဆန် (၁၁၃) အိတ် (၁၈) ပြည်၊ ဆီ (၁၄၄) ပိဿာ၊ ပဲ (၁၄၄) ပိဿာ၊ ဆား (၇၂) ပိဿာ၊ ဒီဇယ်ဖိုး(၁)လစာထောက်ပံ့ငွေ (၁၅၀၀၀၀) ကျပ်ကိုလည်းကောင်း၊ ဒုတ္တန်တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု(၁၄)စုအတွက် စားနပ်ရိက္ခာ ဆန် (၂၆) အိတ် (၁၈) ပြည် (၄)ဗူး)၊ ဆီ (၂၈) ပိဿာ၊ ပဲ (၂၈) ပိဿာ၊ ဆား (၁၄) ပိဿာတို့အားလည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_may2020
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events