ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စုအတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စု၊ ပန်ဟိုက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းရန်ပုံငွေ(၉၀၀၀ဝိ/-)၊ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၃၀၀ဝိ/-)၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၃၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇၁၄၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၇၆၄၄၀ဝိ/-)ကျပ်အား (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#rke_may2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events