Author Archives: Thandar Aung

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စင်ကာပူနိုင်ငံ Global Institute of Social Work မှ Professor Dr. Tan Ngoh Tiong အား လက်ခံတွေ့ဆုံမှုသတင်း

    နေပြည်တော်၊ ဧပြီလ ၆ ရက် မြန်မာနိုင်ငံတွင် လူမှုရေးပညာသင်တန်းကျောင်း ထူထောင်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်သည့်သင်တန်းများ လာရောက်ပို့ချနိုင်ရေး၊ နှစ်ဖက်ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး၊ လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု (Social Cohesion) နှင့် လူမှုရေးဘာသာရပ် အထူးပြုသင်တန်းများ လာရောက်ပို့ချနိုင်ရေးအတွက် (၆-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်ကာပူနိုင်ငံ၊ Global Institute of Social Work  မှ Professor … Read more

  • ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

    (၅-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးကျေးရွာ၌ ဖြစ်ခဲ့ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံးမှာ လုံးဝပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၈) လုံးမှာ တစ်စိတ်ပိုင်းပျက်စီးခဲ့ကာ ပြည်သူ (၄၀) ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့်ခဲ့သည့်ကျေးရွာသို့ (၆-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လူမူရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင်ဦးစီးမှူးတို့သည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လုံးဝပျက်စီးဆုံးရှုံးခဲ့ … Read more

  • လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ (၅-၄-၂၀၁၇) ရက်နေ့၊ (၁၃း၃၀) အချိန်တွင် လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာရှိ ကျေးရွာနေပြည်သူ (၅၈) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများသို့ ပန်ကြားချက်စာရွက်များနှင့်နံရံကပ်ပိုစတာများ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရခိုင်ပြည်နယ် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုသတင်း

    ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသည်  ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ အကောင်အထည်ဖော်မှုဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ရခိုင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်မှာ အဓိကပါဝင်သော အချက်တစ်ချက်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် CMP အထည်ချုပ်လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ကနဦး ဆောင်ရွက်ချက်အနေဖြင့် စစ်တွေမြို့ ဆပ်ရိုးကျ ရပ်ကွက်တွင် အထည်ချုပ်စက်ရုံငယ်တစ်ခုကို တည်ထောင်ပြီး … Read more

Sign Up

Upcoming Events