ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စင်ကာပူနိုင်ငံ Global Institute of Social Work မှ Professor Dr. Tan Ngoh Tiong အား လက်ခံတွေ့ဆုံမှုသတင်း

7_pic01

နေပြည်တော်၊ ဧပြီလ ၆ ရက်

မြန်မာနိုင်ငံတွင် လူမှုရေးပညာသင်တန်းကျောင်း ထူထောင်နိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်သည့်သင်တန်းများ လာရောက်ပို့ချနိုင်ရေး၊ နှစ်ဖက်ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး၊ လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု (Social Cohesion) နှင့် လူမှုရေးဘာသာရပ် အထူးပြုသင်တန်းများ လာရောက်ပို့ချနိုင်ရေးအတွက် (၆-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စင်ကာပူနိုင်ငံ၊ Global Institute of Social Work  မှ Professor Dr. Tan Ngoh Tiong တို့သည် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီမှု အထိမ်းအမှတ် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု အရည်အချင်းပြည့်ဝသော လူမှုဝန်ထမ်းသမားများ မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events