စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သံတောင်ကျေးရွာ၌ (၃-၄-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးစီကို (၆-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)