မကွေးတိုင်းတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးမြို့၊ မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့် ရွှေမြတ်မင်းသမီးအအေးခန်းစာသောက်ဆိုင်၌ (၂.၄.၂၀၁၇) ရက်နေ့(၂၂:ဝ၄) အချိန်တွင် မီးလောင်မှုကြောင့် ထောက်ပံ့ရန်ကျန်ရှိသူ (၃) ဦးအနက် သေဆုံးသူ မခေါထန်း(ခ)မပန်းရောင်နှင့် မမြသီတာ(ခ)အမုန်း (၂)ဦးတို့၏ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ (၆၀၀၀၀၀) ကျပ်အား (၅.၄.၂၀၁၇)ရက်နေ့တွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးစီးမှူးရုံး(ကဆရ)၊ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)