(၅-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးကျေးရွာ၌ ဖြစ်ခဲ့ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံးမှာ လုံးဝပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၈) လုံးမှာ တစ်စိတ်ပိုင်းပျက်စီးခဲ့ကာ ပြည်သူ (၄၀) ဦး လေဘေးသင့်ခဲ့ပါသည်။
အဆိုပါလေဘေးသင့်ခဲ့သည့်ကျေးရွာသို့ (၆-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လူမူရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင်ဦးစီးမှူးတို့သည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။
ယင်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လုံးဝပျက်စီးဆုံးရှုံးခဲ့ သော အိမ်ခြေ (၂) လုံးမှ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိ်မ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သော အိမ်ခြေ (၈) လုံးမှ အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၁၀) အိမ်ထောင်စာနှင့် လေဘေးသင့်ပြည်သူ (၄၀) ဦးအတွက် ဆန်ရိက္ခာ( ၇ )ရက်စာ ရန်ပုံငွေ( ၈၄၀၀၀) ကျပ်တိတိအား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)