ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ (၅-၄-၂၀၁၇) ရက်နေ့၊ (၁၃း၃၀) အချိန်တွင် လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာရှိ ကျေးရွာနေပြည်သူ (၅၈) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများသို့ ပန်ကြားချက်စာရွက်များနှင့်နံရံကပ်ပိုစတာများ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)