Author Archives: Thandar Aung
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၉-၂၀၁၇)ရက်နေ့တွင်ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာလူဦးရေ(၁၅၀)နှင့် ရေကျော်လေးကျေးရွာလူဦးရေ (၁၅၀) အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာဆောင်ရန်/ရှောင်ရန်များ ဟောပြောပို့ချခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ဆည်သည်ကျေးရွာများ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၇) ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းစပ်ရှိ ရေအမြဲဝင်ရောက််ပြီး ကမ်းပါးပြိုလျက်ရှိသည့် ဥဒိန်ကျေးရွာရှိ ဓမ္မာရုံ၌ ကျောင်းသား၊ ကျောင်းသူနှင့် ကျေးရွာသူ၊ ကျေးရွာသား အင်အား (၂၅၀) ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများဝေငှပေးခြင်းနှင့် ဥဒိန်ရွာအုပ်ချုပ်ရေးမှူးထံ Hand speaker ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး တာဝန်ရှိသူများသည် စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းစပ်ရှိ ရေအမြဲဝင်ရောက််ပြီး ကမ်းပါးပြိုလျက်ရှိသည့် ဆည်သည်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသား အင်အား (၂၀၀) ဦးခန့်ကိုလည်းကောင်း … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော် ၊ စက်တင်ဘာ ၂၇ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို (၂၇-၉-၂၀၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခဲ့ရာ တွေ့ရှိရသည့် အခြေအနေများအပေါ်မူတည်၍ ရေတိုရေရှည် အကောင်အထည်ဖော်ရမည့်ကိစ္စများ၊ ချက်ချင်းဆောင်ရွက်ပေးရမည့်ကိစ္စများကို သတ်မှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်းများရွေးချယ်ကာ ထိုဦးစားပေးလုပ်ငန်းများထဲမှ ချက်ချင်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းများသည် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊မီးလောင်ကျွန်းကျေး ရွာအုပ်စု၊ပေါက်တောကျွန်းကျေးရွာတွင်(၂၃/၂၄-၉- ၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊လူဦးရေ(၃၆)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာ(၇၅၆၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀ိ/-)၊စုစုပေါင်း(၈၇၅၆၀၀ိ/-)နှင့် ရေစြကို မြို့နယ်၊ညောင်ဇောက်ကျေးရွာအုပ်စု၊ကျောမကြား ကျေးရွာတွင်(၂၃-၉-၂၀၁၇)ရက်နေ့၌ချင်းတွင်းမြစ် ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ် ခြေ(၃)လုံး၊အိမ်ထောင်စု(၃)စု၊လူဦးရေ(၂၂)ဦးတို့ အတွက်ဆန်ရိက္ခာ(၇)ရက်စာ(၄၆၂၀၀ိ/-)၊အိမ် ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀ိ/-)၊ စုုစုပေါင်း (၃၄၆၂၀၀ိ/-)တို့ကို ဘေးသင့်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးထံသို့ (၂၇-၉-၂၀၁၇)ရက်နေ့တွင်လွဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (၂၇-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) အချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ဌာန၏ရည်ရွယ်ချက်နှင့် ထောက်ပ့ံမှုလုပ်ငန်းများအကြောင့်၊ DAN Mobile application အကြောင်းနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေဘေးစသည့် ဘေးအန္တရာယ်များအကြောင်းနှင့် သဘာဝဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၅၀) ဦးရှိကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more
-
မိုင်းယောင်းမြို့နယ်၊ ဟောင်ကျောင့်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မိုင်းယောင်းမြို့နယ်၊ ဟောင်ကျောင့်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းခဲ့ပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ နံနက်(၁၁းဝဝ) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် Red Cross Movement ၏ အကောင်အထည်ဖော်မှုများ စနစ်တကျဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း
ARSA အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်သူအားလုံးကို Red Cross Movement ဖြင့် ကူညီထောက်ပံ့မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတစ်ရပ်ကို စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ရိပ်သာခန်းမတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ည (၇:၀၀) နာရီတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ Red Cross Movement တွင် ပါဝင်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း … Read more
-
ဟင်္သာတမြို့၊ သာသနာ့ဗိမာန် ဆယ်ထပ်ကြီးဘုရားဝန်း၌ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း” ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNV (UN Volunteers) တို့ပူးပေါင်း၍ (၂၅-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ သာသနာ့ဗိမာန်၊ ဆယ်ထပ်ကြီးဘုရားဝန်း၌ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟင်္သာခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စေတနာ့ဝန်ထမ်းလူငယ် (၅၅) ဦးတို့ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၂၅-၉-၂၀၁၇) မှ (၂၉-၅-၂၀၁၇) နေ့ထိ … Read more
