ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNV (UN Volunteers) တို့ပူးပေါင်း၍ (၂၅-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီချိန်တွင် ဟင်္သာတမြို့နယ်၊ သာသနာ့ဗိမာန်၊ ဆယ်ထပ်ကြီးဘုရားဝန်း၌ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် “ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟင်္သာခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စေတနာ့ဝန်ထမ်းလူငယ် (၅၅) ဦးတို့ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၂၅-၉-၂၀၁၇) မှ (၂၉-၅-၂၀၁၇) နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ဟင်္သာခရိုင်ဦးစီးမှူးရုံး (ကဆရ)