ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ နံနက်(၁၁းဝဝ) နာရီအချိန်တွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)