မိုင်းယောင်းမြို့နယ်၊ ဟောင်ကျောင့်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

27_pic01 27_pic02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မိုင်းယောင်းမြို့နယ်၊ ဟောင်ကျောင့်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက မြန််မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်များ၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းခဲ့ပြီး သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events