Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉) ရက်နေ့၊ (၁၈း၂၄) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ခွာညိုလမ်း၊ အမှတ် (၅၄) ရပ်ကွက် ပိုင်ရှင်ဒေါ်ခင်ကြွယ်နေအိမ်၌ လျှပ်စစ်မီတာဘောက်မှအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ (သွပ်မိုး၊ ထရံကာ) နေအိမ် (၄) လုံး၊ (သွပ်မိုး၊ပျဉ်ကာ) နေအိမ် (၂) လုံး ၊ အုတ်ညှပ်ပျဉ်ထောင်နှစ်ထပ်တိုက် (၁) လုံး၊ RC တိုက် (၂) လုံး၊ စုစုပေါင်းအိမ်ခြေ (၉) လုံး၊ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာ၊ ဦးတင်ထွေးနေအိမ်၌ ဆိုလာမှ Inverter သို့အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါဖြစ်ပွားခဲ့သော မီးဘေးကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲရာ ဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၃၅၃၅၃/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more

  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် အသုံးပြုရန် High performance Computer (၁) စုံ လှူဒါန်းမှုအား လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းဝေးခန်းမ၌ (၇-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မေတ္တာရင်းမြစ်ဖောင်ဒေးရှင်းနှင့် ရွှေလက်ဆက်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် အသုံးပြုရန် စွမ်းဆောင် ရည်မြင့် ကွန်ပျူတာ (High performance Computer) (၁) စုံလှူဒါန်းမှုအား လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အလှူရှင်ဧည့်သည့်တော်များ တက်ရောက်ခဲ့ပြီး ဦးစီးဌာန၏လုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချနိုင်မည့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ … Read more

  • မွန်ပြည်နယ်တွင် စက်ရေတွင်းနှင့် အုတ်ရေကန်လှူဒါန်းသည့်သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ လေယာဉ်ကွင်းဟောင်းနေရာတွင် နေထိုင်လျက်ရှိသော အလင်းဝင် မွန်သီးခြားလက်နက်ကိုင်အဖွဲ့မှ မိသားစုဝင်များ သောက်သုံးရေရရှိရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ရန်ကုန်မြို့နေ အလှူရှင်ဦးကျော်မြင့်၊ ဒေါ်တင်တင်အေး (ထိပ်တန်းမုန့်ဟင်းခါး)မိသားစုမှ လှူဒါန်းသည့် စက်ရေတွင်းနှင့် ဂါလန် (၂၀၀၀)ဆန့် အုတ်ရေကန်တို့အား (၃-၁-၂၀၁၉)တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး (၅-၁-၂၀၁၉)တွင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ (၁၆၅၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာ ဦးနေလင်းနေအိမ်ရှိ နောက်ဖေး မီးဖိုချောင် မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ နေအိမ်(၁)လုံး၊ ဓနိမိုးထရံကာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၀)ဦး မီးဘေးသင့်ခဲ့သဖြင့်  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄၂,၀၀၀)နှင့် ရေသန့် (၅)လီတာ (၁၅)ဗူး၊ စားဆီ(၅)ပိဿာ(၁)ပုံး၊ အဝတ်အထည် … Read more

  • မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၂-၂၀၁၈)ရက်နေ့ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖိုးခမှီဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၅) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀,၅၀၀)၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀)၊ စုစုပေါင်း (၁၁၀,၅၀၀) အား (၅-၁-၂၀၁၉) ရက်နေ့၊ (၁၁၃၀) အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more

  • မြဝတီခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ (၁-၁-၂၀၁၉)ရက်နေ့ (၁၅၄၅)အချိန် အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းဘေးရှိ ဓမ္မစေတီ ဘုန်းကြီးကျောင်းအနီး၊ စံဆဲဆီဆိုင် အနောက်ရေမြောင်းပတ်ထားသည့် ကျွန်းဆွယ်အစွန်းမြေပိုတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု(၁)စု ၊ ကျား(၂)ဦး၊ မ(၃)ဦး အား အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀ဝ)၊ ဆန်ရိက္ခာ (၇)ရက်စာငွေကျပ် (၁၀,၅၀ဝ)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့ကို (၃-၁-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၆၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ(၁)တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂,၆၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၅-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံ‌ရေးနှင့် နယ်‌စပ်‌‌ရေးရာဝန်‌ကြီးဗိုလ်‌မှူးကြီး‌ကျော်‌စွာလှိုင်‌နှင့်တကွ ကျေးရွာအုပ်‌ချုပ်‌‌ရေးမှူးနှင့်အတူ (၃-၁-၂၀၁၉)ရက်နေ့ ဖျာပုံမြို့နယ်၊ ‌‌ဒေးဒလူ‌ကျေးရွာအုပ်‌စု၊ ‌ချောင်းဝ‌ကျေးရွာတွင်‌ဖြစ်ပွားခဲ့သော မီး‌ဘေး၌ ဘေးသင့်အိမ်ခြေ၊ အိမ်ထောင်‌စုများအနက်‌ထောက်‌ပံ့ရန်‌ကျန်‌ရှိ‌နေသည့် အိမ်‌‌ထောင်‌စု (၁၀၇) စုအတွက်‌ကယ်‌ဆယ်‌‌ရေးပစ္စည်း (၁၆)မျိုး (၁၀၇-အိမ်‌‌ထောင်‌စုစာ) ကို (၄-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၂-၂၀၁၈)နေ့  မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားအုပ်စု၊ နန်းပရုပ်ကျေးရွာမီးဘေးမှ ဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်းနှင့် ဘေးသင့်လူဦးရေ (၄)ဦး အတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၈,၄၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၈,၄၀၀)အား (၄-၁-၂၀၁၉)နေ့ (၁၁၂၀)အချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events