မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၂-၂၀၁၈)ရက်နေ့ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖိုးခမှီဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၅) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀,၅၀၀)၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀)၊ စုစုပေါင်း (၁၁၀,၅၀၀) အား (၅-၁-၂၀၁၉) ရက်နေ့၊ (၁၁၃၀) အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events