ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ (၁၆၅၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာ ဦးနေလင်းနေအိမ်ရှိ နောက်ဖေး မီးဖိုချောင် မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ နေအိမ်(၁)လုံး၊ ဓနိမိုးထရံကာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၀)ဦး မီးဘေးသင့်ခဲ့သဖြင့်  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄၂,၀၀၀)နှင့် ရေသန့် (၅)လီတာ (၁၅)ဗူး၊ စားဆီ(၅)ပိဿာ(၁)ပုံး၊ အဝတ်အထည် (၁)အိတ် ၊ စောင်(၁၀)ထည်တို့အား (၅-၁-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events