လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ လေယာဉ်ကွင်းဟောင်းနေရာတွင် နေထိုင်လျက်ရှိသော အလင်းဝင် မွန်သီးခြားလက်နက်ကိုင်အဖွဲ့မှ မိသားစုဝင်များ သောက်သုံးရေရရှိရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ရန်ကုန်မြို့နေ အလှူရှင်ဦးကျော်မြင့်၊ ဒေါ်တင်တင်အေး (ထိပ်တန်းမုန့်ဟင်းခါး)မိသားစုမှ လှူဒါန်းသည့် စက်ရေတွင်းနှင့် ဂါလန် (၂၀၀၀)ဆန့် အုတ်ရေကန်တို့အား (၃-၁-၂၀၁၉)တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး (၅-၁-၂၀၁၉)တွင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။