လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းဝေးခန်းမ၌ (၇-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မေတ္တာရင်းမြစ်ဖောင်ဒေးရှင်းနှင့် ရွှေလက်ဆက်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် အသုံးပြုရန် စွမ်းဆောင် ရည်မြင့် ကွန်ပျူတာ (High performance Computer) (၁) စုံလှူဒါန်းမှုအား လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အလှူရှင်ဧည့်သည့်တော်များ တက်ရောက်ခဲ့ပြီး ဦးစီးဌာန၏လုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချနိုင်မည့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ (High performance Computer) လှူဒါန်းခြင်း၊ အလှူပစ္စည်းလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: EOC
#otr
#npw_jan2019