လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉) ရက်နေ့၊ (၁၈း၂၄) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ခွာညိုလမ်း၊ အမှတ် (၅၄) ရပ်ကွက် ပိုင်ရှင်ဒေါ်ခင်ကြွယ်နေအိမ်၌ လျှပ်စစ်မီတာဘောက်မှအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ (သွပ်မိုး၊ ထရံကာ) နေအိမ် (၄) လုံး၊ (သွပ်မိုး၊ပျဉ်ကာ) နေအိမ် (၂) လုံး ၊ အုတ်ညှပ်ပျဉ်ထောင်နှစ်ထပ်တိုက် (၁) လုံး၊ RC တိုက် (၂) လုံး၊ စုစုပေါင်းအိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၄၈) ဦးမီးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်နေအိမ်ရှိ ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀၀,၈၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂၀) အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ (၆) စုံ၊ စောင်အထည် (၄၀)၊ ဒန်အိုး (၂၀) လုံး၊ ရေသန့် (၅) လီတာ (၄၀) ဗူး၊ ဆီ (၅) ပိဿာ (၃) ပုံး ၊ အဝတ်အထည် (၃) ထုပ်အား ဘေးသင့်ပြည်သူများထံသို့ (၇-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_jan2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)