မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

8 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာ၊ ဦးတင်ထွေးနေအိမ်၌ ဆိုလာမှ Inverter သို့အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါဖြစ်ပွားခဲ့သော မီးဘေးကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲရာ ဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၃၅၃၅၃/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာအား (၆-၁-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#ayy_jan2019

 

Sign Up

Upcoming Events