စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ(၁)တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂,၆၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၅-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events