Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင်  ညနေ(၁၆:၀၀) မှ(၁ရ:၃၀) ထိ ကျိုင်းတုံမြို့၊  အမှတ်(၁) ရပ်ကွက်၊ စွန်မွန်းရပ် လမ်းပြကြယ် (The School Of Restoration) ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများ ကြောင့်ဖြစ်ပွါးတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် တက်ရောက်သူ … Read more

  • လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလ များတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၃၀-၃-၂၀၁၉)ရက်နေ့၌ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာတွင် လေပြင်းဘေး အန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္ တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံ နိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေး အတွက် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #mgy_mar2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၂၉-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မျှားပိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ ထန်းပင် ချောင်းကျေးရွာ၊ ငါးရံ့ခြောက် တောတဲတိုက်၌ (၂၆-၃-၂၀၁၉)ရက်နေ့၊ တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးဒုက္ခခံစားခဲ့ရသော အိမ်ခြေ(၃)လုံးတွင် အိမ်ထောင်စု (၃)စုမှ ကျား(၃)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၇) ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄,၇၀၀)ကျပ် နှင့် အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံး အားလည်းကောင်း၊ … Read more

  • သဘာဝဘေးနှင့်ပတ်သက်၍ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉)ရက်နေ့တွင် ဟိုပင်မြို့၊ မြကျွန်းသာရပ်ကွက်တွင် ကျောင်းသား/သူ(၁၅၀)ခန့်အား(ဝ၉ဝဝ)အချိန်ခန့်ဖြင့် သဘာဝဘေးနှင့်ပတ်သက်၍ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး နေအိမ်များပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေး နေအိမ်များ ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို (၂၉-၃-၂၀၁၉) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကျေးရွာအုပ်ချုပ်ရေးမှူးတု့ိနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် (၁၃:ဝဝ) နာရီမှ (၁၄း၃၀) နာရီအထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ၊ အ.မ.က(၂) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းကျင်းပခဲ့ရာ ပြည်သူ လူထုအင်အား စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ထိုတက်ရောက်လာသူများအား  လက်ကမ်း စာစောင်များဝေငှခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)# ar #mon_mar2019

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး နေအိမ်များမွမ်းမံပြင်ဆင်နိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၉-၃-၂၀၁၉)ရက်နေ့၌ (သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ ငပုတော)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၌ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် နေအိမ်များမွမ်းမံပြင်ဆင်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်း အဝေးအားကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ပြီး နေအိမ်များမွမ်းမံပြင်ဆင် နိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေး တက်ရောက်မှုသတင်း

    မတ်လ ၂၉၊ နေပြည်တော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်၊ လယ်ဝေးမြို့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၊ သီရိရတနာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ရည်ရွယ်ချက်ထားရှိ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုသည် အမျိုးသမီးများ၏အရေးကို အစိုးရက အလေးထားဆောင်ရွက်နေမှု များနှင့် ထပ်တူကျပါကြောင်း၊ အစိုးရအနေဖြင့် အမျိုးသမီးထုတစ်ရပ်လုံး အခွင့်အရေးများ ရရှိရေး၊ လုံခြုံစိတ်ချစွာနေထိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် … Read more

Sign Up

Upcoming Events