သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် (၁၃:ဝဝ) နာရီမှ (၁၄း၃၀) နာရီအထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာ၊ အ.မ.က(၂) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းကျင်းပခဲ့ရာ ပြည်သူ လူထုအင်အား စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ထိုတက်ရောက်လာသူများအား  လက်ကမ်း စာစောင်များဝေငှခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)# ar
#mon_mar2019

Sign Up

Upcoming Events