
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၉-၃-၂၀၁၉)ရက်နေ့၌ (သာပေါင်း၊ ရေကြည်၊ ကျုံပျော်၊ ငပုတော)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၌ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် နေအိမ်များမွမ်းမံပြင်ဆင်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်း အဝေးအားကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ပြီး နေအိမ်များမွမ်းမံပြင်ဆင် နိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
#ayy_mar2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)