၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း ရေဘေးဒဏ်ခံစားခဲ့ရသော ဒေသအချို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆောင်ရွက်ခဲ့သည့် အရေးပေါ်တုံ့ပြန်ရေးနှင့် ကနဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း

 

30_Pic_01

၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသော  ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှ ရေဘေးသင့်ပြည်သူများအတွက် ဆောင်ရွက် ပေးခဲ့သည့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့်  ကနဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲအား  ၂၀၁၉ ခုနှစ် မတ်လ (၂၉) ရက်နေ့ တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်မှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူများ၊ World Vision, UNICEf, Myanmar Heart Development Organization တို့မှ ရေဘေးတုံ့ပြန်မှု လုပ်ငန်းများတွင် ပါဝင်ခဲ့ သူများ တက်‌ေရာက်ခဲ့ကြပါသည်။

အဆိုပါ၂၀၁၈ ရေဘေးတွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ ရေဘေး သင့်အိမ်ထောင်စု (၄၉၀၀၀)ကျော်၊  လူဦးရေ(၃၅၀၀၀၀)ကျော် အတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ကျပ်သိန်း ပေါင်း ရှစ်ထောင်ကျော် ထောက်ပံ့ပေးခဲ့သည့်အပြင် WFP နှင့် ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်း နှင့် ကနဦးပြန်လည် ထူထောင်ရေးလုပ်ငန်းများအဖြစ် အရေးပေါ် အစားအစာ စွမ်းအားပြည့် ဘီစကစ် (၃၅) မတ်ထရစ်တန်၊ ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေးသုံးပစ္စည်းများအတွက် ငွေသား ထောက်ပံ့မှုအနေဖြင့် ကျပ်သိန်းပေါင်း ခြောက်ထောင်ကျော် ကို ထောက်ပံ့ပေးခဲ့ပါသည်။

အဆိုပါရေဘေး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တာ၀န်ရှိအစိုးရဌာန များဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ  ရေဘေးသင့်ပြည်သူများအတွက် လုပ်ငန်းစဉ်အစမှ အဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှု၏ အားသာချက်/ အားနည်းချက်များကို ဖော်ထုတ်ကာ နောင်နှစ်များတွင် ရေဘေးဖြစ်ပွားပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ယခုကဲ့သို့ပင် ဆက်နွယ်ပတ်သက်သည့် အဖွဲ့အစည်းအားလုံး အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများတွင် ပေါင်းစည်းညီညာစွာ ဆောင်ရွက်နိုင်ရေး ကျင့်သုံးလုပ်ဆောင်သင့်သည်များအား ဖော်ထုတ်ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

#dg

#npw_mar2019

Source: ကဆရ

Sign Up

Upcoming Events