ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank အဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

30_Pic_02
မတ်လ ၂၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် World Bank Head of Office for Myanmar မှ  Mr. Gevorg Sargsyan ဦးဆောင်သော World Bank အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး နိုင်ငံသံအမတ်ကြီး H.E. Mr. Ronen Gilor တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer)ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လက်ရှိဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ IDA Fund ချေးငွေ အမေရိကန်ဒေါ်လာသန်း(၁၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်နေမှုများ၊ လူမှုရေးရာဆန်းစစ်ချက် ဆောင်ရွက် ခဲ့မှုများ၊ ဆန်းစစ်ချက်ရလာဒ်အပေါ် ပြည်သူလူထုနှင့် ဒေသဆိုင်ရာလွှတ်တော် အမတ်များ နှင့်ဆွေးနွေးခဲ့မှုများ၊ ဒုတိယသမ္မတ(၁)ဦးဆောင်သော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင် ရာ အမျိုးသားကော်မတီ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အလေးထားဆောင်ရွက် နေမှုများ၊  ကမ္ဘာ့ဘဏ်က ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ နိုင်ငံနှင့်အစ္စရေးနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေး အန္တရာယ်များအပါအဝင် အရေးပေါ်အခြေအနေများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ် များ၊ ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၊ IDP စခန်းများ ပိတ်သိမ်းရန်အတွက် အမျိုးသားမူဝါဒရေးဆွဲနေမှုအခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာတော်သင်စေလွှတ်ရေးကိစ္စရပ်များ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြပါ သည်။
ဆက်လက်၍ CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကင်းထောက်မောင်မယ်များက ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းငွေ ကျပ် (၁၀)သိန်း ကို လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_mar2019

Source: MSWRR

Sign Up

Upcoming Events