Author Archives: Department of Disaster Management

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း၌ (၇-၄-၂၀၁၉) တွင် လေပြင်းတိုက်ခတ်မှုုကြောင့် ဘေးသင့်ခဲ့သော ကျေးရွာ (၂၁) ရွာမှ အမိုးလန်အိမ်ခြေ (၆၉) လုံး၊ ပြိုကျအိမ်ခြေ (၃) လုံး၊ အမိုးလန် ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၂၄၂၅၀၀၀) ကျပ်၊ လူဦးရေ (၃၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၇၂၈၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၅၃၇၀၀) ကျပ်၊ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်၊ သဇင်ရပ်ကွက်၊ နယ်မြေ (၅) တွင် (၄-၄-၂၀၁၉) ရက်နေ့ (၁၃:၁၅) နာရီအချိန်၌ ဖြစ်ပွားခဲ့သော ကစ်သလစ်ဆရာတော်ကျောင်းဝန်းမီးဘေးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေစုစုပေါင်း (၂၁၂၆၀၀) ကျပ်တိတိအား ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်း၌ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်ဒေါ်ရှားမီး၊ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့် အတူ (၉-၄-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း၌ (၂-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခေတ်မှုကြောင့် သွပ်များအမိုးလန်ပျက်စီးခဲ့သောကျေးရွာအုပ်စု (၆) စု၊ အိမ်ခြေ (၁၅၇) လုံးတို့အတွက် (၉-၄-၂၀၁၉) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌအဖွဲ့ဝင်များနှင့်အတူ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမတွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၇၂၀၀၀၀) ကျပ်နှင့် အိမ်ခြေ(၁၅၇) လုံးစာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာတွင် (၆) ရွာတွင် (၇-၄-၂၀၁၉) ရက်နေ့ (၁ရ:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၄) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁၄)၊ အိမ်ထောင်စု (၁၄) စု၊ လူဦးရေစုစုပေါင်း (၅၆) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၁၇၆၀၀) … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ၊ ရတနာပုံရပ်ကွက် ဇီဇဝါ (၄) လမ်းတွင် (၆-၄-၂၀၁၉) ရက်နေ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ  နေအိမ် (၁) လုံးမီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ အိမ်ထောင်စုတစ်စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၃၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

        ပန်းတောင်းမြို့နယ်၊ မကြီးထုံးအုပ်စု၊ မကြီးထုံးရွာ၌ (၅-၄-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံးမီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၈၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၄၀၀) ကျပ်နှင့် ကယ်ဆယ်ပစ္စည်း (၁၅) မျိုးပါ ပလပ်စတစ်ပုံး (၁) တို့ပုံးအား (၉-၄-၂၀၁၉) ရက်နေ့ … Read more

  • ဂန့်ဂေါမြို့နယ်၊ ဖုန်းဆိုးကြယ်ကျေးရွာ လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကြက်ရိုးကျေးရွာအုပ်စု၊ ဖုန်းဆိုးကြယ်ကျေးရွာ၌ (၆-၄-၂၀၁၉) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၈-၄-၂၀၁၉) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဟဲနားကျေးရွာ၊ နန့်စမ်းကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာတို့၌ (၇-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုတ်ခတ်မှုကြောင့် လူနေအိမ်အလုံး (၅၀) အမိုးအကာပျက်စီးခဲ့ရာ အဆိုပါ အမိုးအကာပျက်စီးနေအိမ် (၅၀) လုံးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ထောင်စု (၅၀) စာ စက္ကူဘူးတို့အား (၈-၄-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: … Read more

  • သောက်သုံးရေများ ဖြန့်ဝေပေးမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ ဦးကျော်စိန်(တဲတိုက်)၊ ဒေါ်ဖွားကင်း(တဲတိုက်) ရှိပြည်သူများ စက်ရေတွင်းမရှိသည့် အတွက် သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၄၀)လုံး၊ အိမ်ထောင်စု (၁၅၀)စု၊ လူဦးရေ(၇၀၀)ဦးခန့် အတွက် သောက်သုံးရေ (၆,၀၀၀)ဂါလံ ကို (၈-၄-၂၀၁၉)ရက်နေ့၊ (၉:၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၄-၄-၂၀၁၉)ရက်နေ့ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ကမ်တော့ကမ်းကျေးရွာမှ လေဘေးသင့်အိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁) သိန်းကျပ်နှင့် လူ (၄)ဦးအတွက်ဆန်ဖိုး (၈,၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်အား( ၇-၄-၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #tny_apr2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events