လေဘေးထောက်ပံ့မှုသတင်း

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဟဲနားကျေးရွာ၊ နန့်စမ်းကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာတို့၌ (၇-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုတ်ခတ်မှုကြောင့် လူနေအိမ်အလုံး (၅၀) အမိုးအကာပျက်စီးခဲ့ရာ အဆိုပါ အမိုးအကာပျက်စီးနေအိမ် (၅၀) လုံးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ထောင်စု (၅၀) စာ စက္ကူဘူးတို့အား (၈-၄-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events