ပန်းတောင်းမြို့နယ်၊ မကြီးထုံးအုပ်စု၊ မကြီးထုံးရွာ၌ (၅-၄-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံးမီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၈၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈၄၀၀) ကျပ်နှင့် ကယ်ဆယ်ပစ္စည်း (၁၅) မျိုးပါ ပလပ်စတစ်ပုံး (၁) တို့ပုံးအား (၉-၄-၂၀၁၉) ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_apr2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)