မီးဘေးထောက်ပံ့မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ၊ ရတနာပုံရပ်ကွက် ဇီဇဝါ (၄) လမ်းတွင် (၆-၄-၂၀၁၉) ရက်နေ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ  နေအိမ် (၁) လုံးမီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ အိမ်ထောင်စုတစ်စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၃၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၆၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ ပလပ်စတစ်ပုံး (၁) ပုံးအား (၉-၄-၂၀၁၉) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#bgo_apr2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events