
(၄-၄-၂၀၁၉)ရက်နေ့ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ကမ်တော့ကမ်းကျေးရွာမှ လေဘေးသင့်အိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁) သိန်းကျပ်နှင့် လူ (၄)ဦးအတွက်ဆန်ဖိုး (၈,၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်အား( ၇-၄-၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#tny_apr2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)