Author Archives: Department of Disaster Management
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၆.၅.၂၀၁၉) ရက်နေ့ (၁၆:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပုလုညောင်ဝိုင်းကျေးရွာအုပ်စု၊ နန်ပါလောကျေးရွာရှိ နေအိမ်မီးဖိုချောင်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ဓနိကာ၊ ဝါးတိုင်၊ ဝါးကြမ်းခင်းနေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂)ဦး မီးဘေးသင့် ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁.၅.၂၀၁၉)ရက်နေ့၊နံနက်ပိုင်းတွင် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၄၀,၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၄,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄,၂၀၀) ကျပ်တို့ကို … Read more
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၁၉) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်အတွက် သောက်သုံးရေ ဂါလံ (၂၄၀၀) လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_may2019 Source – မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အင်္ဂပူမြို့နယ်၊ ကညင်ငူအုပ်စု၊ ကြို့ကုန်းကြီးကျေးရွာရှိ အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်း ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) ကျပ်ကို (၂၀-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းဆရာ/မများသည် (၂၀.၅.၂၀၁၉) နေ့ (၁၀းဝဝ) ချိန်မှ (၁၂း၀၀) ချိန်ထိအား ပူတာအိုခရိုင် ခရိုင်/မြို့နယ်အဆင့် (G6) ပြန်လည် မွမ်းမံသင်တန်း၌ ဆရာ/မ (၄၄၀)ဦးခန့်အားလည်းကောင်း (၁၄း၀၀)ချိန်မှ(၁၆း၀၀)နာရီချိန်ထိအား မြို့နယ်အဆင့်(G-3)ပြန်လည်မွမ်းမံသင်တန်း၌ ဆရာ/မ(၇၀)ဦးခန့်အားလည်းကောင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများအား စာသင်ကျောင်းများတွင် မြေငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်လက်ကမ်းစာအုပ် စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ လက်ကမ်းစာအုပ်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအုပ်စု၊ ရှုံးရှီကျေးရွာနှင့် အောင်မြင်ကျေးရွာအုပ်စု၊ အောင်မြင်ကျေးရွာတို့ရှိ အမိုးလန်ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀/-) ကျပ်၊ စုစုပေါင်း (၉၆၃၀၀/-) ကျပ်နှင့် … Read more
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပနေမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာလေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင်မြို့အုပ်ချုပ်ရေးမှူး၊ ဦးခွန်စိုးသူမှအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဦးစီးမှူး၊ ဒေါ်ခင်သန္တာရွှေက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ (၂၀-၅-၂၀၁၉) ရက်နေ့မှ (၂၁-၅-၂၀၁၉) ရက်နေ့ထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ဦးရေ(၅၀)ဦး တက်ရောက်နေကြောင်း သတင်းရရှိပါသည်။ #ar #shn_may2019 Source – ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၉)ရက်နေ့ (၁၅း၃၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ခွဆုံကျေးရွာတွင် အမိုးလန်ပျက်စီးသွားသောနေအိမ်(သွပ်မိုး/ဓနိမိုး/ဝါးကာ/ဝါးခင်း) (၁၂)လုံး၊ အိမ်ထောင်စု(၁၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀၀၀၀ိ/-)နှင့် လူဦးရေ(၅၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၁၅၅၀၀/-)၊ စုစုပေါင်း(၇၁၅၅၀၀/-)တို့အား (၂၀.၅.၂၀၁၉)ရက်နေ့တွင် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #rke_may2019 Source – မြောက်ဦးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဒေးဒရဲမြို့နယ်၊ သောကြာ ကျေးရွာအုပ်စု၊ ရေပလုံကွေ့ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၇၇) စု၊ လူဦးရေ (၃၄၃) ဦးတို့အတွက် သောက်သုံးရေရေဂါလံ (၁၂၀၀) ကို ကျေးရွာအရောက် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၉) ဖွင့်လှစ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာအုပ်စု၊ ညောင်ပိတ်ကျေးရွာရှိ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်တည်ဆောက်ထားသော ညောင်ပိတ် School Shelter တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၉) ကိုဖွင့်လှစ်ခဲ့ရာ ကျွန်းသာယာကျေးရွာအုပ်စု၊ အောက်ရှိသခင်မကျေးရွာ၊ သဘော့ကျွန်းကျေးရွာ၊ တရုတ်ချောင်းကျေးရွာ၊ ကျွဲတဲကျေးရွာများမှ သင်တန်းသား (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၀-၅-၂၀၁၉) ရက်နေ့မှ (၂၂-၅-၂၀၁၉) ရက်နေ့အထိ (၃) ရက်တိတိဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ #ar #ayy_may2019 Source: … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မောင်းမကန်ကျေးရွာတွင် ပြည်သူလူထု (၂၀၀) ဦးခန့်ဖြင့် သဘာဝဘေးအသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2019 Source: ထားဝယ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
