လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာအုပ်စု၊ ညောင်ပိတ်ကျေးရွာရှိ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်တည်ဆောက်ထားသော ညောင်ပိတ် School Shelter တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၉) ကိုဖွင့်လှစ်ခဲ့ရာ ကျွန်းသာယာကျေးရွာအုပ်စု၊ အောက်ရှိသခင်မကျေးရွာ၊ သဘော့ကျွန်းကျေးရွာ၊ တရုတ်ချောင်းကျေးရွာ၊ ကျွဲတဲကျေးရွာများမှ သင်တန်းသား (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၀-၅-၂၀၁၉) ရက်နေ့မှ (၂၂-၅-၂၀၁၉) ရက်နေ့အထိ (၃) ရက်တိတိဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
#ar
#ayy_may2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)