လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ဒေးဒရဲမြို့နယ်၊ သောကြာ ကျေးရွာအုပ်စု၊ ရေပလုံကွေ့ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၇၇) စု၊ လူဦးရေ (၃၄၃) ဦးတို့အတွက် သောက်သုံးရေရေဂါလံ (၁၂၀၀) ကို ကျေးရွာအရောက် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#ayy_may2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)