လေဘေးထောက်ပံ့မှုသတင်း

21_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအုပ်စု၊ ရှုံးရှီကျေးရွာနှင့် အောင်မြင်ကျေးရွာအုပ်စု၊ အောင်မြင်ကျေးရွာတို့ရှိ အမိုးလန်ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀/-) ကျပ်၊ စုစုပေါင်း (၉၆၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စုု (၁) စုစာတို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ (၂၀-၅-၂၀၁၉) ရက် နေ့တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2019

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events