မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျင်းပနေမှုသတင်း

21 Pic_01

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာလေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင်မြို့အုပ်ချုပ်ရေးမှူး၊ ဦးခွန်စိုးသူမှအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဦးစီးမှူး၊ ဒေါ်ခင်သန္တာရွှေက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ (၂၀-၅-၂၀၁၉) ရက်နေ့မှ (၂၁-၅-၂၀၁၉) ရက်နေ့ထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ဦးရေ(၅၀)ဦး တက်ရောက်နေကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_may2019

Source – ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events