Author Archives: Department of Disaster Management

  • နေရပ်ပြန်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ၏ဦးဆောင်မှုဖြင့် ( ၂၃- ၅ -၂၀၁၉) ရက်နေ့ နံနက် (၁ဝးဝ၀) နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ ပြောင်းရွှေ့ အိမ်ထောင်စု (၅၂ ) စု လူဦးရေ (၃၁၇) ဦးတို့အတွက် တန်ဖိုးငွေ ( ၃,၆၇၆,၄၇၅/-) ကျပ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ စားနပ်ရိက္ခာ (၁) … Read more

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းရွာမကျေးရွာ၊ အောင်စည်လာကျေးရွာနှင့် အောင်နန်းချိုကျေးရွာတို့တွင် (၂၁.၅.၂၀၁၉)ရက်နေ့(၁၇:၀၀)အချိန်မှစ၍ လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးသည့် လူနေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၆,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၉၈)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၂၀၅,၈၀၀)ကျပ်၊ စိန်မေရီခရစ်ယာန်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀,၀၀၀) ကျပ်၊ စုစုပေါင်း(၈၄၁,၈၀၀)ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉)ရက်နေ့ (၁၂:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရပါသည်။ #ha_sgw #npw_may2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွှေစေတီဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ စုစုပေါင်း အင်အား(၁၅၀)ဦးတို့ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ယင်းဟောပြောပွဲတွင် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များနှင့် စားသောက်ဖွယ်ရာများပေးဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_may2019 Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်း တောင်းမြို့နယ်၊ ဒီးဒုတ်ကုန်းကျးရွာအုပ်စု၊ သီးကုန်းကျေးရွာတွင် (၂၂-၅-၂၀၁၉) ရက်နေ့၊ (၁၆:၃၀) နာရီ၌ ဒေါ်အေးကြည် (ဘ) ဦးဉာဏ်တင် (တောင်သူ) သည် နေအိမ်အတွင်း ရေချိုးနေစဉ် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ပါသဖြင့် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်ကို (၂၃-၅-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျန်ရစ်သူမိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #mdy_may2019 Source: … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ထောက်ကြန့်ကုန်းအုပ်စုနှင့် တုံကင်းအုပ်စုတို့တွင် (၁၈.၅.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၈၆၅၀/-)ကျပ်အား (၂၃.၅.၂၀၁၈) ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။   #ha_sgw #bgo_may2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၁၂:၀၀)နာရီမှ (၁၃:၃၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ကေတုမတီဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်သူ/သားများစုစုပေါင်းအင်အား(၂၅၀)ဦးတို့ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ #ar #bgo_may2019 Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စမိတ်ကျေးရွာအုပ်စု၊ တောင်လုံးကျေးရွာတွင်(၂၁-၅-၂၀၁၉)ရက်နေ့(၂၀:၀၀)နာရီအချိန်၌ လေပြင်းတိုက်မှုကြောင့် အမိုးလန်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၀,၀၀၀)၊ ဆန်ရိက္ခာဖိုး(၄၆,၂၀၀)၊ စုစုပေါင်း (၂၇၆,၂၀၀)ကျပ်တို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၃-၅-၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန် တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။   #ha_sgw #mgy_may2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့၌ ညောင်ရွှေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက််စီးခဲ့သော နေအိ်မ် (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၁၄) စုစာနှင့် အမိုးလန် (၅) အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စုစာနှင့်် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ရန်ပုံငွေ (၁၈၅၀၀၀၀/-) ကျပ်အား (၂၂-၅-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၁၉) ရက်နေ့(၁၆း၀၀) အချိန်တွင် တပ်ကုန်းမြို့နယ်အတွင်း အောင်သပြေကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ၊ လက်ပန်ကျေးရွာအုပ်စု ၊ လက်ပန်ကျေးရွာ၊ ရွှေမောင်းဂွက်ကျေးရွာအုပ်စု၊ ရွှေမြင့်မိုရ်ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီး လူနေအိမ် (၅) လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၃၆၀၀၀/-)၊ ဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၃၆၀၀/-) ၊ စုစုပေါင်းရန်ပုံငွေ(၂၆၉၆၀၀/-)တို့အား (၂၃.၅.၂၀၁၉) ရက်နေ့ (၉း၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mdy_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး (ဓနိမိုး/ဓနိကာ) (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေကျပ် (၆၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတန်ဖိုး၊ စုစုပေါင်း  (၁၀၆၃၀၀/-) ကျပ်ကို ဘိုကလေး အထွေထွေအုပ်ချုပ်ရေးဦးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့်အတူ … Read more

Sign Up

Upcoming Events