လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၁၉) ရက်နေ့(၁၆း၀၀) အချိန်တွင် တပ်ကုန်းမြို့နယ်အတွင်း အောင်သပြေကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ၊ လက်ပန်ကျေးရွာအုပ်စု ၊ လက်ပန်ကျေးရွာ၊ ရွှေမောင်းဂွက်ကျေးရွာအုပ်စု၊ ရွှေမြင့်မိုရ်ကျေးရွာတို့တွင် လေးပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီး လူနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၃၆၀၀၀/-)၊ ဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၃၆၀၀/-) ၊ စုစုပေါင်းရန်ပုံငွေ(၂၆၉၆၀၀/-)တို့အား (၂၃.၅.၂၀၁၉) ရက်နေ့ (၉း၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)