လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၁၂:၀၀)နာရီမှ (၁၃:၃၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ကေတုမတီဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်သူ/သားများစုစုပေါင်းအင်အား(၂၅၀)ဦးတို့ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)