လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

23_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စမိတ်ကျေးရွာအုပ်စု၊ တောင်လုံးကျေးရွာတွင်(၂၁-၅-၂၀၁၉)ရက်နေ့(၂၀:၀၀)နာရီအချိန်၌ လေပြင်းတိုက်မှုကြောင့် အမိုးလန်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၀,၀၀၀)၊ ဆန်ရိက္ခာဖိုး(၄၆,၂၀၀)၊ စုစုပေါင်း (၂၇၆,၂၀၀)ကျပ်တို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၃-၅-၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန် တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
 
#ha_sgw
#mgy_may2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events