Author Archives: Department of Disaster Management

  • သောက်သုံးရေများလှူဒါန်းမှုသတင်း

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူကျေးရွာ၊ ထီးဗျားညေးကျေးရွာများသို့ ဂါလံ(၁၂၅၀)ဆန့်ရေသယ်ယာဉ်(၂)စီးဖြစ်လည်းကောင်း၊ (၂၄-၅-၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ဒေါတမကြီးကျေးရွာအုပ်စု၊ဒေါဆိုဖျကျေးရွာသို့ ဂါလံ(၇၅၀)ဆန့်ရေသယ်ယာဉ်(၁)စီးဖြစ်လည်းကောင်း၊(၂၅-၅-၂၀၁၉)ရက်နေ့ တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတချကျေးရွာသို့ ဂါလံ(၃၀၀၀)ဆန့်ရေသယ်ယာဉ်(၁)စီးဖြစ်လည်းကောင်း၊(၂၇-၅-၂၀၁၉)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ဒေါဖုကျေးရွာသို့ ဂါလံ(၃၀၀၀)ဆန့်ရေသယ်ယာဉ်(၁)စီးစီးတို့ဖြစ် ဒီးမော့ဆိုမြို့နယ်နှင့်ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ နှင့်အတူသောက်သုံးရေရှားပါးလျက်ရှိသောကျေးရွာများကိုသောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_may2019

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်အုပ်စု၊ ထောက်ကြန့်ကုန်းအုပ်စု၊ ကြိုးကြာအုပ်စုတို့တွင် (၂၇.၅.၂၀၁၉) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နှင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၈၇၅၀) ကျပ်အား (၃၀.၅.၂၀၁၉) ရက်နေ့ နံနက် (၀၉း၄၀) အချိန် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူ းများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။     #ha_sgw #bgo_may2019 Source: … Read more

  • လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲကျေးရွာအုပ်စု၊ပင်းတလဲကျေးရွာတွင်(၂၈.၅.၂၀၁၉)ရက်နေ့ (၁၆:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စု၊ ပြိုကျအိမ်ခြေ(၁)လုံး၊ဘုန်းကြီးကျောင်း(၁)ကျောင်း၊လူဦးရေ (၈၃)ဦးတို့အား ဆန်ရိက္ခာ (၇)ရက်စာဖိုး(၁၇၄,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၇၂၀,၀၀၀)ကျပ်၊ စုစုပေါင်း (၈၉၄,၃၀၀)ကျပ်အား ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၉.၅.၂၀၁၉)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ပင်းတလဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_may2019 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည်   သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာတွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ လေဘေးသင့်ခဲ့ရာ အဆိုပါ လေဘေးသင့် ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၇၀၀၀၀)အား  (၂၉.၅.၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_may2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊သမဝါယမလမ်းတွင် (၂၈-၅-၂၀၁၉)ရက်နေ့ (၁၂:၁၃) နာရီအချိန်၌အိမ်ခေါင်မိုးပေါ်မှ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အဝင် မိန်းကြိုးပေါက်ပြဲသည့်နေရာမှ ဝါယာရှော့ဖြစ်၍ အနီးရှိဝါးကပ်မိုးသို့ မီးကူးစက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၀) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၁,၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၅.၂၀၁၉) ရက်နေ့တွင် ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ကျုံပေါကျေးရွာ တွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး family kit (၁) ထုပ်၊ ပလပ်စတစ်ရေပုံးအဖုံးပါ (၂) ပုံ၊း အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ဘေးသင့်လူဦးရေ (၆) ဦး အတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၁၂၆၀၀) စုစုပေါင်းတန်ဖိုးငွေ (၂၁၂၆၀၀) အား (၂၈.၅.၂၀၁၉) ရက်နေ့တွင် … Read more

  • မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

    (၂၀-၅-၂၀၁၉)ရက်နေ့ (၁၇:၀၀)ချိန်၌ ဘားအံမြို့နယ်၊ တဂေးလောင်းအုပ်စု၊ တေဂေးလောင်ကျေးရွာတွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ရာ (၂၉-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။   #ha_tls #krn_may2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပါသဖြင့် (၂၉.၅.၂၀၁၉) ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေများအား အောက်ပါအတိုင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (၁) မအူပင်မြို့နယ်၊ ဆိပ်သာကျေးရွာအုပ်စု ကုန်းတန်းကြီးကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၉) လုံး အိမ်ထောင်စု (၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၄၅၀၀၀၀) စုစုပေါင်းလူဦးရေ (၃၀) ဦးအတွက် … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျွန်းကျေးရွာတွင် (၂၈.၅.၂၀၁၉)ရက်နေ့(၁၁:၁၅)အချိန်၌ ဧရာဝတီ မြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ဘုန်းကြီးကျောင်း(၁)ကျောင်း၊သိမ်ကျောင်း(၁)ကျောင်းနှင့်လူနေအိမ်(၁) လုံး၊အိမ်ထောင်စု(၁)စု၊လူဦးရေ(၂)ဦးတို့အတွက်ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ဆန်ရိက္ခာဖိုး(၇)ရက်စာ(၄၂၀၀)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖို့(၂၀၀,၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊စုစုပေါင်း(၃၀၄,၂၀၀)ကျပ်တို့ကို ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၈.၅.၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများနှင့်အတူ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။   #ha_rbe #mgy_may2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉) ရက်နေ့၌ သရက်မြို့နယ်၊ ပြရေကျေးရွာ အုပ်စု၊ ကမ်းနီကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ကျေးရွာပြည်သူလူထု (၆၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ် များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events