မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

30_Pic_01 30_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊သမဝါယမလမ်းတွင် (၂၈-၅-၂၀၁၉)ရက်နေ့ (၁၂:၁၃) နာရီအချိန်၌အိမ်ခေါင်မိုးပေါ်မှ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အဝင် မိန်းကြိုးပေါက်ပြဲသည့်နေရာမှ ဝါယာရှော့ဖြစ်၍ အနီးရှိဝါးကပ်မိုးသို့ မီးကူးစက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၀) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၁,၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၂၁,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး၊အိမ်ထောင်စု(၁)စုတို့အား (၂၉-၅-၂၀၁၉) ရက်နေ့တွင် ရပ်ကွက်အုပ်ချူပ်ရေးမှူးထံ၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events