လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲကျေးရွာအုပ်စု၊ပင်းတလဲကျေးရွာတွင်(၂၈.၅.၂၀၁၉)ရက်နေ့ (၁၆:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စု၊ ပြိုကျအိမ်ခြေ(၁)လုံး၊ဘုန်းကြီးကျောင်း(၁)ကျောင်း၊လူဦးရေ (၈၃)ဦးတို့အား ဆန်ရိက္ခာ (၇)ရက်စာဖိုး(၁၇၄,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၇၂၀,၀၀၀)ကျပ်၊ စုစုပေါင်း (၈၉၄,၃၀၀)ကျပ်အား ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၉.၅.၂၀၁၉)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ပင်းတလဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)